Warning: "continue" targeting switch is equivalent to "break". Did you mean to use "continue 2"? in /home/pwzmisl/public_html/foreverwebstudio.com/wp-content/themes/fws/includes/builder/functions.php on line 4766
COVID ကာလနှင့် COVID ကာလအလွန် Digital Business အဆင့်မြှင့်တင်ခြင်း - FOREVER WEB STUDIO
+95.9785101660 info@foreverwebstudio.com

အခုအချိန်ဟာ COVID-19 ရောဂါပိုး ကူးစက်ပြန့်ပွားမှုရဲ့ သက်ရောက်မှုကြောင့် လုပ်ငန်းရှင်အများစုဟာ မိမိတို့ရဲ့ လုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားရခြင်း၊ ဈေးကွက်ကျဆင်းလာခြင်း၊ ဝန်ထမ်းများကို အိမ်မှ အလုပ်လုပ်ကိုင်စေခြင်း၊ ဝန်ထမ်းများ မဖြစ်သာ၍ လျှော့ချရခြင်း စတဲ့အခက်အခဲတွေကို အနည်းနဲ့အများ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ ဒါ့အပြင် COVID-19 ကာလအလွန်မှာ ကြုံတွေ့ရလာနိုင်တဲ့ အခက်အခဲတွေကိုလည်း ကြိုစဉ်းစားပြီး ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။

အဲ့ဒီမှာ အဓိကထားပြီး စဉ်းစားရမှာက Customers နဲ့ Market လို့ ကျွန်တော်ယူဆပါတယ်။ ဒီအပိုင်းမှာ လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့ Products သို့မဟုတ် Services တွေကို Customers တွေက လိုအပ်တဲ့အချိန်မှာ အလွယ်တကူရှာဖွေဝယ်ယူနိုင်ဖို့၊ မိမိတို့ရဲ့ Market ကို စနစ်တကျဖန်တီး ရှာဖွေ တည်ဆောက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနိုင်ဖို့ ပြင်ဆင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအချိန်မှာ Customers တွေက Online ပေါ်ကနေ ဈေးဝယ်တာကို ပိုပြီးတော့ အကျွမ်းတဝင်ဖြစ်လာကြတာကိုလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရပါမယ်။ E-commerce Websites တွေ၊ Applications တွေကနေ ဈေးဝယ်တာ၊ ဝန်ဆောင်မှုရယူတာတွေကလည်း တဟုန်ထိုး များပြားလာကြပါတယ်။ ဥပမာပြောရရင် Food Industry က Delivery Website တွေ၊ Application တွေ ဖြစ်တဲ့ FoodPanda, GrabFood, food2u, Food Mall စတာတွေ၊ City Mall Online Website, shop.com.mm Website, ssshopping.com.mm Website နဲ့ Mobile Applications စတာတွေမှာလည်း အသုံးပြုမှု အတော်ကိုများလာကြပါတယ်။ အခုဆိုရင် အဲ့ဒါက ပုံမှန်လုပ်ရိုးလုပ်စဉ် အကျင့်တစ်ခုလိုဖြစ်လာပြီးတော့ COVID ကာလပြီးရင်လည်း Online ပေါ်က ဈေးဝယ်တာ၊ Online ကနေ Booking လုပ်တာ၊ Online Appointment, Meeting, Conferencing လုပ်တာတွေက ဒီ့ထက်တောင် အရှိန်အဟုန်မြင့်လာမှာ သေချာနေပါတယ်။ ဒါတွေက လုပ်ငန်းရှင်တွေအနေနဲ့ မဖြစ်မနေ ဂရုစိုက်ရမယ့် Customer Behaviors တွေ ဖြစ်ပါတယ်။
ကမ္ဘာ့စီးပွားရေးသုံးသပ်သူတွေရော၊ မြန်မာ့စီးပွားရေး သုံးသပ်သူတွေကပါ Digital Business တိုးတက်ကြီးထွားလာမှုနဲ့ Digital လုပ်ငန်းအသွင် အဆင့်မြှင့်တင်ကူးပြောင်းကြဖို့ သုံးသပ်ဆွေးနွေး အကြံပေးနေကြတာကိုလည်း တွေ့မြင်နေရပါတယ်။

ဒါတွေအားလုံးအတွက် မိတ်ဆွေ ဘာတွေပြင်ဆင်ပြီးပြီလဲ?

အပေါ်မှာပြောခဲ့တဲ့အရာတွေ၊ COVID ကာလ၊ COVID အလွန်ကာလမှာ ကြုံလာရမယ့် အခက်အခဲတွေ၊ အခွင့်အလမ်းတွေအတွက် ကြိုတင်ပြင်ဆင်ပြီးတော့ မိမိတို့ရဲ့လုပ်ငန်းကို Digital Business အဖြစ် အဆင့်မြှင့်တင်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ MISL ရဲ့ Forever Web Studio အနေနဲ့ Website Development, E-Commerce Solutions, Mobile Applications စတဲ့ စတဲ့ ICT Solutions တွေနဲ့ ပတ်သတ်ပြီးတော့ တစ်နေရာတည်းမှာပဲ ပြည့်ပြည့်စုံစုံ အကောင်းဆုံး ကူညီဝန်ဆောင်မှုပေးနိုင်ပါတယ်။

အခုထိဖတ်လာခဲ့ပြီးတော့ မိတ်ဆွေအနေနဲ့ မိတ်ဆွေရဲ့လုပ်ငန်းကို Digital Business အဖြစ် အဆင့်မြှင့်တင်ဖို့ ဆုံးဖြတ်ချက်ချဖို့ စဉ်းစားနေတုန်းပဲ ဆိုရင်လည်း တွေဝေမနေပါနဲ့။ မိတ်ဆွေရဲ့လုပ်ငန်းတစ်ခုချင်းဆီအတွက် သီးသန့် “အခမဲ့” ဆွေးနွေးနိုင်မယ့် အထူးအစီအစဉ်လေး ရှိပါတယ်။ နောက်ထပ်အထူးစပါယ်ရှယ် အစီအစဉ်အနေနဲ့ကတော့ ပထမဦးဆုံး အလုပ်အပ်ဖြစ်တဲ့ “လုပ်ငန်းရှင် (၅)ဦး” ကို “(၃၀) ရာခိုင်နှုန်းတိတိ” ဝန်ဆောင်ခလျှော့ပေးသွားမှာ ဖြစ်ပါတယ်။ ဒီ ၃၀% လျှော့ပေးတဲ့ အစီအစဉ်ကတော့ ၂၀၂၀ မေလကုန်အထိပဲ ရရှိမှာဖြစ်ပါတယ်။

ဒါ့ကြောင့် အခုပဲ ဖုန်းနံပါတ် ၀၉၇၉၉၉၀၈၀၈၁ ကို ဆက်သွယ်ပြီးတော့ပဲဖြစ်ဖြစ်၊ ဒီလင့် ကလေးကို နှိပ်ပြီးတော့ပဲ ဖြစ်ဖြစ် သီးသန့်အခမဲ့ ဆွေးနွေးနိုင်ဖို့ မြန်မြန်လေး Booking ရယူလိုက်ပါ။ ၂၄နာရီအတွင်း အမြန်ဆုံး ပြန်လည်ဆက်သွယ် ဆွေးနွေးပေးပါ့မယ်ခင်ဗျာ။