+95.9785101660 [email protected]

ကျွန်တော်တို့ မကြာခဏ ကြားနေရတဲ့ Gmail ပေါက်တာတို့ ၊ Email ကနေ ပိုက်ဆံ လိမ်တောင်းတာတို့၊ Email နဲ့ပို့လိုက်တဲ့ ငွေလွဲရမယ့် Bank Account တွေက မှားပြီးလွှဲလိုက်တာတို့တွေကို အတတ်နိုင်ဆုံး ကာကွယ်နိုင်ဖို့အတွက် မျှဝေပေးလိုက်တာ ဖြစ်ပါတယ်ခင်ဗျ။

Email လုံခြုံအောင် ဘယ်လိုလုပ်မလဲ

အများဆုံးအသုံးပြုနေကြတာ Gmail ဖြစ်တဲ့အတွက် Gmail နဲ့ဆက်စပ်ပြီး ပြောပြပေးပါမယ်ခင်ဗျ။ အရင်ဆုံးလုပ်သင့်တာက ကိုယ့် Gmail Account ကို Password သိရင်တောင် အလွယ်တကူ ၀င်လို့မရအောင် Gmail ကပေးထားတဲ့ 2 Step Verification ကိုအရင်ဆုံး လုပ်ထားသင့်ပါတယ်။ အဲဒါဆို Password ကိုသိနေရင်တောင်မှ ကိုယ် Register လုပ်ထားတဲ့ ဖုန်းမရှိနေရင် ဖွင့်လို့မရပါဘူး။

2 Step Verification ပြုလုပ်နည်း

အဆင့် (၁) အနေဖြင့် Gmail ဖွင့်ထားတဲ့ Windows ရဲ့ ညာဘက်အပေါ်ထောင့်မှာ ရှိတဲ့ စက်သွားပုံကိုနှိပ်ပြီး Setting ကိုနှိပ်ပါ။

အဆင့် (၂) Account and Input ကိုနှိပ်ပါ။ ထို့နောက် ပုံပါအတိုင်း Chang password recovery option ကိုနှိပ်ပါ။ Tab အသစ်တစ်ခုထပ်ပွင့်သွားပါမည်။

အဆင့် (၃) Sing in to Google ကိုနှိပ်ပါ

အဆင့် (၄) 2 Step Verification ကိုနှိပ်ပါ။

အဆင့် (၅) Get Start ကိုနှိပ်ပါ။

အဆင့် (၆) Password ထည့်ပြီး Sing in ကိုနှိပ်ပါ။

အဆင့် (၇) သင့်ဖုန်းနံပတ်အား ပုံပါအတိုင်း ရိုက်ထည့်ပြီး Next ကိုနှိပ်ပါ။ သင့်ထည့်လိုက်သော ဖုန်းနံပတ်သို့ ဂဏန်း ၆ လုံးပါသော message တစ်စောင်ရောက်လာပါမည်။

အဆင့် (၈) ရရှိလာသောဂဏန်း ၆ လုံးကို ပုံပါ နံပတ် (၁) နေရာတွင်ထည့်သွင်းပြီး Next ကိုနှိပ်ပါ။ အဆင့် (၇)ကိုပြုလုပ်ပြီ ၃ မိနစ်လောက်ကြာသည်အထိ message မရောက်လာပါက resent message ကိုနှိပ်နိုင်ပါသည်။

အဆင့် (၉) Turn On ကိုနှိပ်ပါ။ 2 Step Verification ပြုလုပ်ခြင်း အောင်မြင်ပြီ ဖြစ်ပါသည်။ ထိုသို့ပြီးပါက မိမိ Gmail ကို Login ပြုလုပ်ပါက ဖုန်းသို့ Message ၀င်လာမည်ဖြစ်ပါသည်။ မိမိ Login ပြုလုပ်ခြင်းမရှိဘဲ အခြားသူမှ ပြုလုပ်နေပါကလည်း မိမိထံ ထိုMessage ရောက်ရှိလာပါက မိမိ Gmail ကိုအခြားသူ တစ်ဦးဦးမှ ဖွင့်နေသည်ကို သိရှိမည် ဖြစ်ပါသည်။

ယခုအကြောင်းအရာသည် မိမိ Gmail ၏ Password ကို အခြားသူမှ ဖွင့်မရအောင် ပြုလုပ်သော နည်းလမ်းတစ်ခု ဖြစ်ပါသည်။ Gmail တွင်သာမက အခြားသော Email များတွင်လည်း 2 Step Verification ကိုအသုံးပြုသင့်ပါသည်။

ထပ်မံ၍ Email လုံခြုံမှုဆိုင်ရာများကိုလည်း ထံမံ ရေးသားပေးသွားမည် ဖြစ်ပါသည်။